ကျွန်တော်တို့ G&G မှ မိဘပြည်သူများအတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေကို ပေးနိုင််ရေးအပြင် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်လည်း အစဉ်အမြဲ ကြိုးပမ်းလျက်ရှိသည်။ ယခုလို အကြပ်အတည်း ကာလတွင် အခြေခံလူတန်းစားများ အထူးသဖြင့် ကလေးသူငယ်များ အနေဖြင့် ခက်ခဲစွာရှင်သန်နေကြရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် အိမ်ခြေရာမဲ့ ကလေးငယ် ၁၀၀ ကျော်ကို ထောက်ပံ့နေသည့် ပန်းသီးဖောင်ဒေရှင်းအား G&G မှ သွားရောက်လှူဒါန်းခဲ့သည်။ ခက်ခဲနေသည့် ယခုလိုအချိန်မျိုးတွင် ကလေးသူငယ်များ အနေဖြင့် အစားအသောက်များ လိုအပ်မည် ဖြစ်သောကြောင့် မုန့်မျိုးစုံပါဝင်သည့် မုန့်အိတ် အလုံး ၁၀၀ အား အဆိုပါ ဖောင်ဒေရှင်းမှ တဆင့် ကလေးငယ်များထံလှူဒါန်း ခဲ့သည်။ ပေးကမ်းခြင်းသည် စောင့်ရှောက်ကြည့်ရှူပေးခြင်း ဖြစ်သည့်အလျောက် G&G အနေဖြင့် လိုအပ်လျက်ရှိသောသူများအတွက် အကောင်းဆုံး ကူညီထောက်ပံ့ပေးဖို့ကြိုးစားသွားမည်ဖြစ်သည်။