Job Scope
အလုပ်၏ အဓိက ရည်ရွယ်ချက်မှာ မိမိတာဝန်ကျရာဆိုင် အတွင်း/အပြင်သန့်ရှင်းမှုရှိစေရန်နှင့် ဈေးဝယ်သူများအား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဥ်များ လုပ်ဆောင်ရန်ဖြစ်ပါသည်။
Main Responsibilities
- မိမိအထက်လူကြီးမှ ချမှတ်ထားသော အလုပ်ချိန်ဇယားအတိုင်း သတ်မှတ်ထားသော နေရာများတွင် သန့်ရှင်းမှုပြုလုပ်ရမည်ဖြစ်သည်။
- ဝန်ထမ်းများမရောက်သေးခင် တစ်နာရီ အလုပ်သို့ ကြိုတင်စောရောက်ရှိရမည်ဖြစ်ပြီး သန့်ရှင်းရေးလုပ်ငန်းများကို ကြိုတင်လုပ်ဆောင်ရပါမည်။
- စတိုးဆိုင်ကြမ်းပြင်၊ ကာရံထားသည့်မှန်များ၊ တံခါးဘောင်များ၊ စားပွဲ၊ ဝန်ထမ်းအိမ်သာများအား အမြဲသန့်ရှင်းနေစေရန် အထူးဂရုပြု လုပ်ဆောင်ရမည်။
- မိမိတာဝန်ကျရာ စတိုးဆိုင်အတွင်းနှင့်အပြင်ကိုပါ သန့်ရှင်းရေးလုပ်ဆောင်ရမည် ဖြစ်ပါသည်။
- သန့်ရှင်းရေးလုပ်ဆောင်သည့်ပစ္စည်းများအား စနစ်တကျ သန့်ရှင်းစွာ ထားရှိရပါမည်။
- မိမိသန့်ရှင်းရေးလုပ်ဆောင်နေစဥ်အတွင်း ဈေးဝယ်သူများမှ တစုံတခုသိလိုပါက ဝန်ဆောင်မှုပေးနိုင်ရမည်။
- မိမိ၏ အထက်လူကြီးမှချမှတ်သော ထပ်တိုးလုပ်ဆောင်ချက်များအား လိုအပ်လျှင်လိုအပ်သလို လုပ်ဆောင်ပေးရပါမည်
Work Experience
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၆) လနှင့်အထက် ရှိရမည်။
- လိုအပ်သလို အချိန်ပို ဆင်းနိုင်သူ ဖြစ်ရမည်။
- ရိုးသား၍ အလုပ်ကြိုးစားသူဖြစ်ရမည်။
Education
- ပညာအရည်အချင်း အလယ်တန်း တက်ရောက်ဖူးသူများ လျှောက်ထားနိုင်သည်။
စိတ်ပါဝင်စားသူများအနေဖြင့် မိမိ၏ အလုပ်လျှောက်လွှာအား [email protected] နှင့် rec[email protected] သို့ အီးမေးလ်ပေးပို့ကာ လျှောက်ထားနိုင်ပါတယ်။