CSR · လူထုအလှူ

လိုအပ်နေသူတို့ဖေးကူ Retail မိသားစုအလှူ

ကြည့်ရှုသူတိုင်း ကြည်နူးဝမ်းမြောက်နိုင်စေဖို့ ဒီကုသိုလ်ဒါနလေးကို မျှဝေပေးလိုက်ပါတယ်။

CSR သို့ ပြန်သွားရန်

“လိုအပ်နေသူတို့ဖေးကူ Retail မိသားစုအလှူ” ဆိုတဲ့အတိုင်း Capital Retail, g&g Convenience Store, Wellington Pharmacy နဲ့ Capital လက်ကား မိသားစုများရဲ့ ကုသိုလ်ဒါနလေးကို မြင်တွေ့သူတိုင်း ကြည်နူးဝမ်းမြောက်နိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးပတောကျေးရွာမှာရှိတဲ့ ဝါးပတောဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ရာဟုလာဘုန်းတော်ကြီးကျောင်း) နဲ့

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၃၅ လမ်း၊ ၉၁ လမ်း၊ အမှတ် ၇ ရဲစခန်းအနီးမှာရှိတဲ့ စိန်ပန်းဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှာ ဆန်၊ g&g ကိတ်ခြောက်၊ အသင့်စားခေါက်ဆွဲထုပ်တွေနဲ့ ကလေးတွေအတွက် စာအုပ်တွေကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဒီလိုအလှူဒါနတွေ ဖြစ်မြောက်လာတာဟာ အမြဲတမ်းအားပေးဝယ်ယူတဲ့ ချစ်ခင်လေးစားရတဲ့ ဈေးဝယ်သူတွေကြောင့်ပါပဲ။

ဆက်လက်ပြီးလည်း တခြားသော အကူအညီလိုအပ်တဲ့ နေရာတွေမှာ ပံ့ပိုးလှူဒါန်းသွားဖို့ စီစဉ်လျက်ရှိပါတယ် ဆိုတဲ့အကြောင်း ကြိုတင် အသိပေးလိုက်ပါတယ်ရှင်..

အားပေးဝယ်ယူခဲ့ကြတဲ့ မိတ်ဆွေများ အားလုံးလည်း ကုသိုလ်ထပ်တူရရှိအောင် သာဓုခေါ်နိုင်ကြဖို့အတွက် ကုသိုလ်အမျှ ပေးဝေငှအပ်ပါတယ်။

#TheCapitalRetailMyanmar #gng #welovegng #RetailFamilyDonation #မြန်မာ့အကောင်းဆုံးConvenienceStore #WellingtonPharmacyMyanmar