ကုန်ပစ္စည်းများ

ကုန်ပစ္စည်းများ

နေ့စဉ်သုံး ပစ္စည်းများ၊ အသင့်စား အစားအသောက်များ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများနှင့် အခြား ပစ္စည်းများ

အသင့်စား အစားအစာများ

အလုပ်တွေရှုပ်ထွေးလွန်းလှတဲ့ သင့်ရဲ့တစ်နေ့တာမှာ အစားစားဖို့အတွက် အချိန်သီးသန့်မပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ဆီမှ အရသာရှိပြီး သင့်တင့်လျောက်ပတ်တဲ့ အသင့်စား အစားအစာလေးများကို ဝယ်ယူပြီးတော့ သင့်ရဲ့ဆာလောင်မှုကိုဖြည့်တင်းလိုက်ပါ။

Hot Beverage

တစ်နေ့တာရဲ့ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် G&G စတိုးဆိုင်တိုင်းမှာ ရရှိနိုင်တဲ့ ဖျော်ရည်ပူပူလေးတစ်ခွက်လောက်သောက်သုံးရင်းနဲ့ ခေတ္တခဏလောက်အနားယူလိုက်ပါ။

လတ်ဆတ်သန့်ရှင်းတဲ့ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ

လတ်လတ်ဆတ်ဆတ်ရှိတဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူလိုပါသလား။ ငှက်ပျောသီး၊ ပန်းသီး၊ သစ်တော်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး အစရှိတဲ့ ဟင်းချက်စရာများကို သီးသန့်ဖွင့်လှစ်ထားတဲ့ G&G စတိုးဆိုင်တွေမှာ ရောင်းချပေးနေပါပြီ။

အလှကုန်ပစ္စည်းများ

အမျိုးအစားစုံလင်လှတဲ့ အလှကုန်ပစ္စည်းတွေကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေတဲ့အတွက်ကြောင့် ဝေးဝေးလံလံအထိ တကူးတက သွားရောက်ဝယ်ယူနေစရာ မလိုတော့ပါဘူး။

G&G သောက်ရေသန့်

ကြည်လင်သန့်ရှင်းတဲ့ G&G ၏ သောက်ရေသန့်လေးနဲ့ ကုန်ခမ်းသွားသမျှ ရေဓာတ်တွေကိုပြန်လည်ဖြည့်တင်းပြီး လန်းဆန်းမှုကိုရယူလိုက်ပါ။ ဈေးနှုန်းကလည်းချိုသာပြီးတော့ 550ml နဲ့ 1 lt ဆိုပြီး ဘူးအရွယ်အစားနှစ်မျိုးနဲ့ ရောင်းချပေးနေပါတယ်။

G&G အမှတ်တံဆိပ် လူသုံးကုန်ပစ္စည်းများ

အရည်အသွေးပြည့်မှီတဲ့ G&G လူသုံးကုန်ပစ္စည်းများကို အမြို့မြို့အနယ်နယ်တိုင်းမှာရှိတဲ့ G&G စတိုးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ပလတ်စတစ်အိတ်တွေအစား ဒီဇိုင်းလှလှပုံစံနှစ်မျိုးနဲ့ ဖန်တီးပြုလုပ်ထားတဲ့ G&G ၏ အိတ်လေးတွေကို အစားထိုးအသုံးပြုပေးခြင်းဖြင့် ကျွန်တော်တို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကြီးအတွက် ကောင်းသောပြောင်းလဲမှုလေးတွေ ဆောင်ကျဥ်းပေးလိုက်ရအောင်။