g&g Convenience Store အနေနှင့် မြန်မာနိုင်ငံတွင် အောင်မြင်သော ဆိုင်ခွဲများ အများဆုံး ဖွင့်လှစ်နိုင်ခဲ့ပြီး လက်လီ Franchise ဆိုင်များကို လည်း စံနစ်ကျသော လုပ်ငန်းစဉ်များနှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် စီမံဖွင့်လှစ်ပြီး လက်တွဲခေါ်ဆိုနိုင်ခြင်းအတွက် နိုင်ငံတကာ အသိအမှတ်ပြု Retail Asia Awards ဆုကြီးများ ဖြစ်သော

🥇 ၂၀၂၅ ခုအတွက် မြန်မာ့ အကောင်းဆုံး Convenience Store ဆု” နှင့် မြန့်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံတွင် မြန်မာ့ ပထမဦးဆုံးသော Experience Store အဖြစ် မိတ်ဖက်လုပ်ငန်း Carlsberg နှင့် လက်တွဲ ဖွင့်လှစ်နိုင်ခဲ့ခြင်းအတွက်

🥇 “၂၀၂၅ ခု အတွက် ဆိုင်လုပ်ငန်း အဆန်းသစ်ဆုံး ဆု” ၂ ဆု ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါသည်။

ယခုကဲ့သို့ နိုင်ငံတကာ အသိအမှတ်ပြု ဆုကြီးများ ဆွတ်ခူးနိုင်ခဲ့ခြင်းသည် g&g မိသားစု နှင့် အစဉ်အမြဲ ပံ့ပိုးပေးခဲ့သော ဝယ်ယူအားပေးသူများ, မိတ်ဖက်လုပ်ငန်းများ နှင့် ဝန်ထမ်းများ အားလုံးအတွက် အောင်မြင်မှု မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်းဖြစ်ပါသည်။

g&g မှ တာဝန်ရှိသူများ အနေနှင့်လည်း အစဉ်အမြဲ ဝယ်ယူအားပေးလျက်ရှိသော ချစ်သော ဈေးဝယ်သူမိတ်ဆွေများ၊ လုပ်ငန်းများ တိုးတက်အောင်မြင် စေရန်အတွက် အမြဲမပြတ် ပူးပေါင်းပါဝင်ပေးလျက်ရှိသော မိတ်ဖက်လုပ်ငန်းများ, supplier များ, Franchisee များ, လုပ်ငန်းများ အဆင်ပြေချောမောစွာ လည်ပတ်နိုင်ရန်အတွက် ကြိုးစားတာဝန်ယူလျက်ရှိကြသော လုပ်ဖော်ကိုင်ဖက် မောင်နှမ ဝန်ထမ်းများ နှင့် ၎င်းတို့ကို ပံ့ပိုးပေးလျက်ရှိသော ဝန်ထမ်းများ၏ မိသားစုများ အားလုံး နှင့် တကွ ကျေးဇူးတင်ထိုက်သူများအားလုံးကို လှိုက်လှိူက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

ယခုကဲ့သို အောင်မြင်မှုကို တန်ဖိုးထား ထိန်းသိမ်းလျက် ဝန်ဆောင်မှုများကိုလည်း ယခုထက် ပိုမိုကောင်းမွန်အောင် ကြိုးစားရင်း ပြည်တွင်းလုပ်ငန်းငယ်များကိုလည်း တတ်အားသရွေ့ ပံ့ပိုးပေးခြင်း၊ လူမှုပတ်ဝန်းကျင် အတွက် လိုအပ်သည့် နေရာများတွင်လည်း “လိုအပ်နေသူ တို့ဖေးကူ” ဟူသည့် ဆောင်ပုဒ် နှင့်အညီ လိုအပ်သည့် နေရာများတွင် ကူညီ ပံ့ပိုးခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်သွားပါမည် ဟု လည်း ဆန္ဒပြုအပ်ပါသည်။

ပြီးပြည့်စုံတဲ့နေ့ရက်တိုင်းအတွက် g&g ကိုချစ်တယ်

#gng
#welovegng #retailasiaawards