ကျွန်ပ်တို့အကြောင်း

ကျွန်ပ်တို့အကြောင်း

Grab & Go သို့မဟုတ် G&G ဟု လူသိများသော မြန်မာနိုင်ငံအခြေစိုက် Convenience Store များသည် နိုင်ငံအတွင်းရှိ လူဦးရေထူထပ်သည့် မြို့ပြနေရာများတွင်သာမက ဆင်ခြေဖုံးဒေသများရှိ လူကြီးလူငယ်ပြည်သူများအားလုံးကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

၂၀၁၂ ခုနှစ်တွင် G&G ဆိုင်များကို CDSG Group မှစတင်တည်ထောင်ခဲ့ပြီး ဝယ်ယူအားပေးသူများအတွက် နေ့စဉ်သုံးအခြေခံပစ္စည်းများ၊ မုန့်အချိုရည်များကို ရောင်းချပေးနေသည့်အပြင်အသင့်စားသောက်ကုန်များနှင့် အီလက်ထရောနစ်စနစ်သုံး ဝန်ဆောင်မှုမျိုးစုံတို့ကို တစ်နေရာတည်းမှာ အလွယ်တကူရရှိနိုင်ပါသည်။

G&G ၏တာဝန်အနေဖြင့် e Commerce ပါတနာများနှင့် လက်တွဲလက်ဆောင်ပြီး အကောင်းဆုံးနေ့စဉ်သုံးပစ္စည်းများကို ဝယ်ယူသိုလှောင်၍ ဆိုင်များဆီသို့ သယ်ယူပို့ဆောင်ပေးနေပါသည်။ G&G ၏ ပင်မအချက်အချာကျသော အစိတ်အပိုင်းကြီးနှစ်ခုဖြစ်သော

Franchising နှင့် Work to Own ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း ပြင်ပစိတ်ဝင်စားသူ မည်သူမဆိုနှင့်သာမက မိမိဝန်ထမ်းများကိုပါ အခွင့်အလမ်းများပေး၍ အကျိူးတူပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

ယနေ့တွင် G&G မှ ဝန်ထမ်းပေါင်း (၂၀၀၀) ကျော်နှင့် ရန်ကုန်၊ မန္တလေး Distribution Center ကြီး (၂) ခုတို့နှင့်အတူ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပဲခူးမြို့တို့တွင် ဆိုင်ပေါင်း (၃၀၀) နီးနီးကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး တစ်နှစ်လျှင် မီလီယံ (၃၀) ကျော်ထိ ရောင်းချမှုများပြုလုပ်နေရပါသည်။ လူမှုအသိုင်းအဝိုင်းပတ်ဝန်းကျင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် G&G ဆိုင်အများစုကို ၂၄ နာရီ/ ၇ ရက်ပတ်လုံး ဖွင့်လှစ်ထားရှိလျက်ရှိပါသည်။

အနာဂတ်တွင် G&G ဆိုင်များကို အရေအတွက်ပိုမိုတိုးချဲ့ဖွင့်လှစ်ရန်နှင့် နေရာဒေသအစုံတွင်ပါ ဖွင့်လှစ်ရန် ရည်မှန်းထားပြီး မြန်မာပြည်သူပြည်သူများဆီသို့ တိုးတက်ဆန်းသစ်လာမည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဆက်လက်၍ ယူဆောင်လာပေးမည်ဖြစ်ပါသည်။