လတ်တလောမှာကြုံတွေ့ခဲ့ရတဲ့ ငလျင်ဘေးမှာ Capital Retail, g&g Convenience Store, Wellington Pharmacy နဲ့ Capital လက်ကား မိသားစုများကနေ ဒုတိယအကြိမ် ထောက်ပံ့ ကူညီမှု အဖြစ် တမ္ပဝတီရပ်ကွက်၊ ချမ်းအေးသာစည်၊ မန္တလေးမြို့မှာရှိတဲ့ ငလျင်ဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၅၀ အတွက် စားသောက်ကုန်များ၊ အိမ်သုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများကို အလှူဒါနပြုပေးခဲ့ပါတယ်။ နောက်ထပ်လည်း လိုအပ်တဲ့နေရာဒေသတွေမှာ ထပ်မံပြီး လှူဒါန်းသွားဖို့ ရှိပါသေးတယ်နော်။
အခုလို လှူဒါန်းနိုင်တယ်ဆိုတာ အစဉ်တစိုက် ဝယ်ယူအားပေးနေကြတဲ့ ချစ်ခင်ရတဲ့ ဈေးဝယ်သူတွေရဲ့ ကုသိုလ်တွေလည်းပါဝင်တာကြောင့် လှူဒါန်းဖြစ်ခဲ့တဲ့ မှတ်တမ်းပုံလေးတွေကို သာဓု သုံးကြိမ်ခေါ်ဆိုနိုင်ရန် တင်ပြပေးလိုက်ရပါတယ်။
မြန်မာပြည်သူပြည်သားအားလုံး တစ်ယောက်နဲ့တစ်ယောက် လက်တွဲ ဖေးမကူညီကြရင်း သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါရစေ။ 🙏🙏
#TheCapitalRetailMyanmar
#တစ်သောင်းဝယ်တစ်ရာကူRetailမိသားစုအလှူ