ကျွန်ပ်တို့အကြောင်း

ကျွန်ပ်တို့အကြောင်း

Grab & Go သို့မဟုတ် g&g ဟု လူသိများသော မြန်မာနိုင်ငံအခြေစိုက် Convenience Store များသည် နိုင်ငံအတွင်းရှိ လူဦးရေထူထပ်သည့် မြို့ပြနေရာများတွင်သာမက ဆင်ခြေဖုံးဒေသများရှိ လူကြီးလူငယ်ပြည်သူများအားလုံးကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

၂၀၁၂ ခုနှစ်တွင် G&G ဆိုင်များကို CDSG Group မှစတင်တည်ထောင်ခဲ့ပြီး ဝယ်ယူအားပေးသူများအတွက် နေ့စဉ်သုံးအခြေခံပစ္စည်းများ၊ မုန့်အချိုရည်များကို ရောင်းချပေးနေသည့်အပြင်အသင့်စားသောက်ကုန်များနှင့် အီလက်ထရောနစ်စနစ်သုံး ဝန်ဆောင်မှုမျိုးစုံတို့ကို တစ်နေရာတည်းမှာ အလွယ်တကူရရှိနိုင်ပါသည်။

g&g အနေဖြင့် e-Commerce မိတ်ဖက်လုပ်ငန်းများနှင့် လက်တွဲလက်ဆောင်လျက်ရှိပြီး အကောင်းဆုံးသော နေ့စဉ်သုံး လူသုံးကုန်ပစ္စည်းများမှသည် အသင့်စားအစားအသောက်များ၊ အေဂျင်စီဘဏ်ဝန်ဆောင်မှုမှစပြီး အမျိုးဆုံသော Digital ဝန်ဆောင်မှုများနှင့် အိမ်အရောက်ပို့ပေးသည့် ဝန်ဆောင်မှုများဖြင့် စားသုံးများအတွက် ရောင်းချဝန်ဆောင်မှုပေးလျက်ရှိသည်။

ယနေ့တွင် g&g မှ ဝန်ထမ်းပေါင်း (၂၀၀၀) ကျော်နှင့်လုပ်ငန်းလည်ပတ်လျက်ရှိပြီး ရန်ကုန်မြို့တွင် Distribution Center ဖွင့်လှစ်ထားရှိထားသည်။ ကော်ပိုရိတ်ပိုင် ဆိုင်များနှင့် ဖရန်ချိုက်ဆိုင်များ အပါအဝင် မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်နှင့် ပဲခူးမြို့တို့တွင် ဆိုင်ပေါင်း (၂၀၀) ဝန်းကျင် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး တစ်နှစ်လျှင် ရောင်းဝယ်ခြင်း အကြိမ်ရေပေါင်း သန်း ၃၀ ကျော်ထိ ရှိပါသည်။ စားသုံးသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် G&G ဆိုင်များအား ၂၄ နာရီ/ ၇ ရက်ပတ်လုံး ဖွင့်လှစ်ထားရှိလျက်ရှိပါသည်။

အနာဂတ်တွင် G&G ဆိုင်များကို အရေအတွက်ပိုမိုတိုးချဲ့ဖွင့်လှစ်ရန်နှင့် နေရာဒေသအစုံတွင်ပါ ဖွင့်လှစ်ရန် ရည်မှန်းထားပြီး မြန်မာပြည်သူပြည်သူများဆီသို့ တိုးတက်ဆန်းသစ်လာမည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဆက်လက်၍ ယူဆောင်လာပေးမည်ဖြစ်ပါသည်။