CB Pay မိုဘိုင်းဘဏ်ကို G&G မှာ အသုံးပြုနိုင်ပါပြီ။

အသုံးပြုသူ customer များပိုမိုလွယ်ကူ အဆင်ပြေစေရန်အတွက် G&G နဲ့ CB Bank လက်တွဲဦးဆောင်ပြီး G&G ဆိုင်အချို့မှာ CB Mobile Banking ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါပြီ။ ယခုအခါ ဘဏ်နှင့်ပတ်သတ်တဲ့ လုပ်ငန်းဆောင်တာများ ပိုမိုအဆင်ပြေ မြန်ဆန်စေရန်အတွက် ဘဏ်ကို ကိုယ်တိုင်သွား၊ အကြာကြီးစောင့်နေစရာမလိုဘဲ ပြုလုပ်နေနိုင်ပြီ ဖြစ်ပါတယ်။

အခုပဲ G&G ကိုသွား၊ ငွေထုတ်၊ ငွေလွဲလုပ်ငန်းတွေကို ဘဏ်လုပ်ငန်းချိန်ကျော်ပဲ ဖြစ်ဖြစ်၊ အားလပ်ရက်တွေမှာပဲ ဖြစ်ဖြစ် အေးဆေးဆောင်ရွက်နိုင်ပါတယ်။

မနက် (၇) နာရီကနေ ည (၇) နာရီထိ နေ့စဉ် G&G မှာဆောင်ရွက်နိုင်ပါပြီ။

ယခု ကနဦးအနေဖြင့် CB Bank Mobile Banking ဝန်ဆောင်မှုများကို အောက်ပါ G&G Branch များမှာ ပြုလုပ်နိုင်ပါပြီ။

အမှတ်(၉၁)၊ ထီးတန်းလမ်း၊ ထီးတန်းစက်မြေရပ်ကွက်၊ ကြည့်မြင်တိုင်။

အမှတ်(၆)၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေ (ခ) ရပ်ကွက်၊ တာမွေ။

CB Pay ဝန်ဆောင်မှုကို တခြားဘယ် G&G ဆိုင်တွေမှာ ထပ်ပြီး ဖွင့်လှစ်ပေးအုံးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြပါနော်။