မတ်လ ၁ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့ g&g ရဲ့ “ ဆုံမှတ်ရပ်ဝန်း” ပွဲကို ဖျော်ဖြေရေး အစီစဥ်များ၊ ကံစမ်းမဲအစီစဥ်နဲ့ ပျော်စရာအစီစဥ်များစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ 🎉✨
Capital Retail Cluster ရဲ့ ဆုံမှတ်ရပ်ဝန်း ပွဲလေးကို ကိုယ်တိုင် ပါဝင်ခဲ့ကြတဲ့ သူတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
အကြောင်းကြောင်းတွေကြောင့် ဆုံမှတ်ရပ်ဝန်း ကို မရောက်နိုင်ခဲ့လိုက်တဲ့ သူတွေအတွက် ဧည့်သည် အနုပညာရှင် ညီမလေး စံထိပ်ထားဦး၊ တေးသံရှင် ကိုဖြိုးပြည့်စုံ နဲ့ မ Jewel တို့ရဲ့ ပွဲအတွင်းက ပုံရိပ်လေးတွေ နဲ့ အတူ ဆုံမှတ်ရပ်ဝန်း ရဲ့ လှုပ်ရှားမှုလေးတွေ ကို တွေ့မြင်နိုင်ဖို့ မျှဝေ ပေးလိုက်ပါတယ် ..
ဒီပွဲလေးမှာ g&g ရဲ့ ရှေ့ ဆက်မယ့် ခရီး တစ်လျှောက် g&g နဲ့ အတူမခွဲ လက်တွဲပြီး customer တွေအတွက် ပျော်စရာတွေ .. စိတ်လှုပ်ရှားစရာလေးတွေ ယူဆောင်လာပေးမယ့် အဓိက ဇာတ်ကောင် လေး ၂ ကောင် ဖြစ်တဲ့ ချစ်စရာ ဂိုဂိုး နဲ့ ဂီဂီ တို့ ကို ဧည့်ပရိသတ်တွေရှေ့မှောက် အရောက်ခေါ်လာပြီး မိတ်ဆက်ပေးခဲ့ပါတယ်..
ဒါ့အပြင် Capital Retail Cluster ကြီး တစ်ခုလုံး အောင်မြင်ဖို့အတွက် အမြဲကြိုးစားပေးနေကြတဲ့ ဝန်ထမ်းတွေ ၊ Franchisee တွေ နဲ့ ပွဲ ဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ပံ့ပိုးခဲ့ကြတဲ့ မိတ်ဖက် ကုမ္ပဏီတွေ ကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုသီချင်းသံစဉ်တွေ၊ ပျော်စရာဂိမ်းတွေနဲ့အတူ အထူးကံစမ်းမဲ အစီအစဉ်တွေ ပါဝင်ခဲ့လို့ အားလုံးအတွက် အမှတ်တရကောင်းတွေ ဖန်တီးနိုင်ခဲ့မယ်လို့ ယုံကြည်ပါတယ်။
အခုလိုပျော်စရာပွဲလေးကို အချိန်ပေးတက်ရောက်ပေးခဲ့တဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ကြီးများ အားလုံး၊ အထူးဧည်သည်တော် ညီမလေး စံထိပ်ထားဦး၊ တေးသံရှင် ကိုဖြိုးပြည့်စုံ နဲ့ မ Jewel တို့ နဲ့ တကွ ဒီပွဲကြီး အောင်အောင်မြင်မြင် ပြီးမြောက်အောင် ကူညီပံ့ပိုးခဲ့ကြတဲ့ Main Sponsor Tiger Beer, Co-Sponsor MCB Bank နဲ့ ပန်းလှိုင်ဆေးရုံ ၊ Supportive Partner အဖြစ်ပါဝင်ပေးတဲ့ Royal-D တို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနဲ့ ဒီပွဲ ကို အစမှ အဆုံး လှလှပပ အောင်မြင်အောင် စီစဉ်ပေးတဲ့ Mango Advertising က တာဝန်ရှိသူများနဲ့ ဝန်ထမ်းများ အားလုံး တို့ကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
ရှေ့ဆက်ပြီးတော့လည်း g&g မှာ “ ဂိုဂိုး” ၊ “ ဂီဂီ” တို့နဲ့အတူ ပျော်စရာအစီအစဉ်တွေ အများကြီး လာဖို့ရှိသေးလို့ ချစ်သော Customer များအနေ့ ဆက်ဆက် စောင့်မျှော်ပေးကြပါဦးနော်.. ! ❤️
ပြီးပြည့်စုံတဲ့နေ့ရက်တိုင်းအတွက်gngကိုချစ်တယ်
#gng
#welovegng
#မြန်မာ့အကောင်းဆုံးConvenienceStore



















