g&g ၏ မှတ်တိုင်သစ်တစ်ခုအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင်ရှိသော မြို့ကြီးတစ်မြို့ ဖြစ်သည် တောင်ငူမြို့တွင် ပထမဆုံးသော Conveniences Stores ကို ယနေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများနှင့် စုံလင်သောလူသုံးကုန် ပစ္စည်းများ၊ ဒစ်ဂျစ်တယ်ဘေလ်များ ရောင်းချခြင်းကို ရောင်းချလျက်ရှိသော g&g ဆိုင်အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအား ဖြန့်ကျက်ဝန်ဆောင်မှုပေးနိုင်ရန်ကြိုးစားလျက်ရှိသည်။

တောင်ငူမြို့ ဒေသခံများ အနေဖြင့် မြန်မာ့ လက်လီဈေးကွက်လုပ်ငန်းတွင် ထိပ်တန်းမှ ဦးဆောင်လျက်ရှိသော CDSG ကော်ပိုရိတ်‌အောက်တွင်ရှိသော g&g ဆိုင်များ၏ ခေတ်မီဆန်းသစ်သော ဝန်ဆောင်မှု၊ ထုတ်ကုန်အမျိုးမျိုးကို အဆင်ပြေလွယ်ကူစွာ ရယူနိုင်တော့မည်ဖြစ်သည်။ မုန့်၊ သရေစာ၊ နေ့စဉ်သုံးအခြေခံပစ္စည်းများ၊ အသင့်စားသုံးနိုင်သော အစားအစာများ၊ မိုဘိုင်းဖုန်းဘေလ်များ၊ အင်တာနက်ဘေလ်များ၊ ချေးငွေပေးဆောင်ခြင်းများ၊ အခပေးရုပ်သံလိုင်းများ ပေးဆောင်ခြင်းများကို စသဖြင့် စုံလင်စွာ ဝယ်ယူနိုင်မည်ဖြစ်သည်။ g&g ၏ စဉ်ဆက်မပြတ်အားထုတ်မှုဖြစ်သော ပိုမိုကျယ်ပြန့်သောဧရိယာများတွင် ချဲ့ထွင်ပြီး ဆိုင်သစ်များဖွင့်လှစ်ကာ ဝန်ဆောင်မှုများ ပေးနိုင်ရန် ကြိုးပမ်းသွားမည်လည်းဖြစ်သည်။