ဈေးဝယ်သူပြည်သူများအား အမြဲကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်အတွက် G&G Convenience Store မှ Asia Starmark Transport Intelligent (ASTI) နှင့်ပူးပေါင်း၍ Yangon Payment Service (YPS) ကတ်များကို ရန်ကုန်မြို့ရှိ G&G ဆိုင် (၁၀၀) ကျော်တွင် စတင်ရောင်းချနေပြီဖြစ်ပါသည်။

G&G ဆိုင်အများစုသည် ဘတ်စ်ကားမှတ်တိုင်ဂိတ်အနီးအနားတွင် တည်ရှိခြင်းကြောင့် YPS ကတ်များကို အလွယ်တကူ လျင်မြန်စွာဝယ်ယူနိုင်ပြီး YPS ကတ်များကို အသုံးပြုခြင်းဖြင့် အကြွေဆောင်စရာမလိုတော့ဘဲ ပြန်အမ်းငွေအတွက်လည်း စိတ်ပူစရာမလိုတော့ပါဘူး။ ဘယ်အချိန်၊ ဘယ်နေရာမဆို ကတ်ကလေးကို စက်မှာကပ်လိုက်တာနဲ့ အဆင်ပြေသွားပါပြီ။