ညောင်လေးပင်မြို့နယ်က ချစ်သောလေးတို့အတွက် g&g ဆိုင်ခွဲအသစ်လေးကို ထပ်မံဖွင့်လှစ်လိုက်ပါပြီရှင် 🥰🎉

ဆိုင်ဖွင့်ပွဲအတွင်း ပျော်ရွှင်စရာ ကံစမ်းမဲအစီအစဥ်များစွာ ပြုလုပ်ပေးခဲ့တဲ့အပြင် ဖွင့်ပွဲအထိမ််းအမှတ်အဖြစ် ပရိုမိုးရှင်းတွေလည်း စီစဥ်ထားပါတယ်.. ဒါ့အပြင် g&g ရဲ့ ၁၃ နှစ်ပြည့် အထိမ်းအမှတ် နဲ့ သာမက နိုင်ငံတကာ အသိအမှတ်ပြု ဆုကြီး ၂ ဆုကို ချီးမြှင့်ခံရတဲ့ အထိမ်းအမှတ်အဖြစ် ဝယ်ယူအားပေးသူများကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ငွေသား ကျပ် သိန်း ၁၃၀ အထူးဆုကြီး ကို ကံထူးခွင့်ရမယ့် အစီအစဉ် နဲ့ အတူ ကျပ် ၁၃ သိန်းတန် ဈေးဝယ်ခွင့်ကတ်, ကျပ် ၁ သိန်း ၃ သောင်း E money နဲ့ အခြား ဆုလက်ဆောင်များစွာကို ၁၃ ရက် တစ်ကြိမ် ကံထူးခွင့်ရမယ့် အခွင့်အရေးတွေလည်းရှိတာမို့ မဖြစ်မနေ အမြန်ဆုံး လာရောက် ဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါရစေ 🥰

ဆိုင်ခွဲလိပ်စာလေးကတော့ အမှတ် (၈၀)၊ ရန်ကုန်-မန္တလေးလမ်း၊မြို့မ (၄) ရပ်ကွက်၊ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပဲဖြစ်ပါတယ်။

g&g ဆိုင်ခွဲတိုင်းမှာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ ဝယ်ယူနိုင်မယ့်အပြင် အခပေးရုပ်သံလိုင်းများဘေလ်ဆောင်ခြင်း၊ဖုန်းငွေဖြည့်ခြင်း၊ အင်တာနက်ဘေလ်ဆောင်ခြင်း၊ Microfinance ငွေပေးချေခြင်း၊ Game နဲ့ Application များဝယ်ယူခြင်း စတဲ့ဝန်ဆောင်မှုတွေ စုံလင်စွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ငွေသားမလိုတဲ့ ငွေပေးချေမှု‌တွေအပြင် Citizens Pay နဲ့လည်း ရှင်းလို့ရတော့ လွယ်ကူအဆင်ပြေတာပေါ့ 🧡

ပြီးပြည့်စုံတဲ့နေ့ရက်တိုင်းအတွက်gngကိုချစ်တယ်

#၁၃နှစ်မှသည်နှစ်ရာချီနေရာတိုင်းမှာgng
#gng
#welovegng
#မြန်မာ့အကောင်းဆုံးConvenienceStore