Job Scope
အလုပ်၏အဓိကရည်ရွယ်ချက်မှာ ဝန်ထမ်းများနှင့် ပြင်ပဆိုင်ရာ လူပုဂ္ဂိုလ်များမှ မသမာမှုနည်းလမ်းများဖြင့် ကုမ္မဏီပိုင်ပစ္စည်းများ၊ ငွေကြေးများအား အလွဲသုံးစားပြုလုပ်မှုများကို ချမှတ်ထားသော စည်းမျဥ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျစစ်ဆေးပြီး တွေ့ရှိချက်များအား မှတ်တမ်းတင်ခြင်း၊ သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊ ဖမ်းဆီးခြင်း လုပ်ငန်းစဥ်များအား ဆောင်ရွက်ရန်ဖြစ်ပါသည်။
Main Responsibilities
၁။ CCTV Live ကြည့်နေသည့် ဝန်ထမ်းများသည် မိမိစစ်ဆေးသည့်ဆိုင် အမှတ်အလိုက် ဝန်ထမ်းများ၏ ဖုန်းအမှတ်များ မှတ်သားထားရှိရန်။
၂။ Live စစ်ဆေးသည့် ဝန်ထမ်းများသည် မိမိကြည့်ရှုသည့် ဆိုင်များတွင် ဝန်ထမ်းများ၏ မရိုးသားမှုများ တွေ့ရှိခဲ့ပါက Memory Stick ဖြင့် မှတ်တမ်းကူးယူထားရှိပြီး သက်ဆိုင်ရာ Area မှ တာဝန်ရှိသူများထံ အကြောင်းကြား၍ စစ်ဆေးမှုများ ပြုလုပ်ရန်။
၃။ Live ကြည့်ရှုနေချိန်အတွင်း ပြင်ပမှ ခိုးယူမှုပြုလုပ်နေသည်ကို တွေ့ရှိပါက အချိန်မှီ ဆိုင်ရှိ တာဝန်ကျဝန်ထမ်းများထံ ဆက်သွယ်အကြောင်းကြား၍ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်။
၄။ CCTV Live စစ်ဆေးချိန်အတွင်း ပြင်ပမှ ပစ္စည်းခိုးယူသည်ကို တွေ့ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖုန်းဆက်သွယ်မရ၍ ခိုးယူသူအား ဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် ခိုးယူသွားသည့် ပစ္စည်းနှင့် တန်ဖိုးမေးမြန်းပြီး Record ကို Stick ဖြင့် ကူးယူပြီး လုပ်ငန်းစဥ်အလိုက် ဆက်လက်ဆောင်ရွက်ရန်။
၅။ ကြည့်ရှုသည့်ဆိုင်များ Offline ဖြစ်ပါက တာဝန်ကျ ဝန်ထမ်းထံ သတင်းပို့ရန်။
၆။ Live ကြည့်ရှုသည့် ဝန်ထမ်းများသည် မိမိစစ်ဆေးနေသည့် ထိုင်ခုံစားပွဲများအား သန့်ရှင်းစွာထား၍ ဂရုတစိုက် စစ်ဆေးရန်။
၇။ လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင်ရာမန်နေဂျာမှ ညွှန်ကြားသည့် လုပ်ငန်းတာဝန်များအား ဆောင်ရွက်ခြင်း။
Work Experience
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိရမည်။
- လိုအပ်လျှင် လိုအပ်သလို အချိန်ပို ဆင်းနိုင်သူ ဖြစ်ရမည်။
- ရိုးသားကြိုးစား၍ အလုပ်ကြိုးစားသူဖြစ်ရမည်။
Education
အထက်တန်းအောင်မြင်ပြီးသူ (သို့) မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်သည်။
စိတ်ပါဝင်စားသူများအနေဖြင့် မိမိ၏ အလုပ်လျှောက်လွှာအား [email protected] နှင့် rec[email protected] သို့ အီးမေးလ်ပေးပို့ကာ လျှောက်ထားနိုင်ပါတယ်။