သဘာဝဘေးများကြုံတွေ့နေပြီး အကူအညီ လိုအပ်နေတဲ့ သူတွေကို အမြဲတမ်း လက်မနှေးပဲ ကူညီဖို့ အဆင်သင့် ဖြစ်နေတဲ့ Capital, g&g နဲ့ ဝယ်လင်တန်ဆေးဆိုင် က တာဝန်ရှိသူများရဲ့ စီစဉ်မှုနဲ့ ပဲခူးမြို့က ရေဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများအပါအဝင် ဒေသခံပြည်သူတွေကို Capital,g&g,Wellington ဝန်ထမ်းများက လိုအပ်တဲ့ စားသောက်ကုန်များကို သွားရောက် ပံ့ပိုးကူညီခဲ့ပါတယ်။ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ Diamond Oasis – Royal-D ,Myanmar Consumer Beverage – Tourist water,Asia Pacific Beverages Myanmar-Sunkist တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ် ။ ဒီလို ကူညီနိုင်ခြင်းဟာလည်း Capital,g&g,Wellington Customer များရဲ့ အားပေးမှုကြောင့် ဖြစ်တဲ့အတွက် သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်🙏