Job Scope

အလုပ်၏ အဓိကရည်ရွယ်ချက်မှာ ကုမ္မဏီရှိ ဝန်ထမ်းများသည် ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများအား လိုက်နာမှုရှိမရှိ စစ်ဆေးခြင်း၊ Customer များနှင့် Supplier များအား လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်သည့်အပြင် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းစဥ်များ လုပ်ဆောင်ရန်ဖြစ်ပါသည်။

Main Responsibilities

  • Warehouses တွင် Supplier ကား အဝင်၊ အထွက်များကို စနစ်တကျ နေရာချပေးခြင်း။
  • Supplier နှင့် ဝန်ထမ်းမှ လွှဲပြောင်းလက်ခံသည့် ပစ္စည်းအတင်အချများအား စစ်ဆေး၍ မှတ်သားထားခြင်း။
  • မသမာမှုများမဖြစ်စေရန် ဝန်ထမ်းအဝင်အထွက်များအား ရှာဖွေစစ်ဆေးခြင်းနှင့် Warehouse အတွင်း မီးဘေးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် ချမှတ်ထားသော စည်းမျဥ်း၊ စည်းကမ်းများအတိုင်း စစ်ဆေးလုပ်ဆောင်ခြင်း။
  • Car Parking တွင် Customer ကားများ စနစ်တကျ ထားရှိနိုင်ရေးနှင့် ယာဥ်လမ်းကြောင်းပိတ်ဆို့မှုမရှိစေနိုင်ရေးအတွက် ရှင်းလင်းဆောင်ရွက်ပေးခြင်း။
  • Customer များမှ ဝယ်ယူလာသော အထုပ်အပိုးများအား ဝိုင်းဝန်းကူညီသယ်ဆောင်၍ ကားပေါ်တင်ပေးခြင်း၊ အသုံးပြုပြီးသော လှည်းများ၊ လက်ကိုင်ခြင်းများအား ဝိုင်းဝန်းသိမ်းဆည်းပေးခြင်းနှင့် အခြေအနေပေါ်မူတည်၍ လိုအပ်သလို ဝန်ဆောင်မှုပေးခြင်း။
  • Capital ကုန်တိုက်အတွင်းနှင့် Car Parking အတွင်း ထိခိုက်မှု၊ ပျက်စီးမှု၊ မသမာမှုများ မဖြစ်ပေါ်စေရန် အထူးဂရုစိုက် ကြည့်ရှုစစ်ဆေးခြင်း။
  • ဈေးဝယ်လာသည့် Customer များအား “ မင်္ဂလာပါ” ဟု ယဥ်ကျေးပျူငှာစွာ နှုတ်ဆက်၍ ယူဆောင်လာသည့် အိတ်များအား ရှာဖွေစစ်ဆေးခြင်း ပြုလုပ်ပြီးသည်နှင့် တပြိုင်နက် “ ကျေးဇူးတင်ပါတယ်” ဟု ချိုသာစွာ ပြောဆိုဆက်ဆံ၍ လိုအပ်သည့် ဝန်ဆောင်မှုများပေးခြင်း။
  • Cashier Counter များ၏ ငွေသိမ်းရေးကိစ္စ၊ ပြင်ပဘဏ်များ ငွေအပ်ရာတွင်လည်းကောင်း တာဝန်ယူလုပ်ဆောင်ပေးခြင်း။
  • ဆိုင်တာဝန်ကျ Security များသည် မိမိတာဝန်ကျရာဆိုင်သို့ အချိန်မှန်ရောက်ရှိ၍ ယူနီဖောင်းပြည့်စုံစွာ ဝတ်ဆင်ခြင်း။
  • ဆိုင်အတွင်းအပြင် လှည့်လည်စစ်ဆေးခြင်း၊ လျှပ်စစ်ပစ္စည်းများနှင့် ဆက်သွယ်သော ပစ္စည်းများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း။
  • ဆိုင်ရှိဝန်ထမ်း (၁) ဦးတည်းရှိနေချိန်တွင် လိုအပ်သော အကူအညီပေး၍ ဈေးဝယ်သူများအား ချိုသာစွာ ဆက်ဆံခြင်း။
  • ဆိုင်ရှိဝန်ထမ်းနှင့် ဈေးဝယ်သူတို့ အဆင်မပြေဖြစ်နေပါက တာဝန်ကျ Security ဝန်ထမ်းမှ လိမ္မာပါးနပ်စွာ ဖြေရှင်းပေးခြင်းနှင့် ဆိုင်ဝန်ထမ်းအချင်းချင်း ပြဿနာဖြစ်ရာ၌လည်း Security ဝန်ထမ်းမှ သင့်မြတ်စေရန် ဖြေရှင်းပေးခြင်း။
  • ဈေးဝယ်သူ အချို့မှ အရက်သောက်၍ ပြဿနာရှာလာလျှင် တာဝန်ကျ Security ဝန်ထမ်းမှ ဆိုင်အတွင်းရှိဝန်ထမ်းများ ပျက်စီးမှု မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရခြင်း။
  • ဆိုင်တွင် အရေးပေါ်ပြဿနာဖြစ်ပါက အချိန်နှင့်တပြေးညီ ရုံးသို့ သတင်းပို့ရန်နှင့် လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်ခြင်း။
  • လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင်ရာ မန်နေဂျာမှ ညွှန်ကြားသည့် လုပ်ငန်းတာဝန်များအား ဆောင်ရွက်ခြင်း။

Work Experience

  • သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိရမည်။
  • လိုအပ်လျှင် လိုအပ်သလို အချိန်ပို ဆင်းနိုင်သူ ဖြစ်ရမည်။
  • ရိုးသားကြိုးစား၍ အလုပ်ကြိုးစားသူဖြစ်ရမည်။

Education

  • အထက်တန်း တက်ရောက်ဖူးသူ (သို့) မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပါသည်။

စိတ်ပါဝင်စားသူများအနေဖြင့် မိမိ၏ အလုပ်လျှောက်လွှာအား [email protected] နှင့် rec[email protected] သို့ အီးမေးလ်ပေးပို့ကာ လျှောက်ထားနိုင်ပါတယ်။